ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့သည် ရှန်ဟိုင်းဒေသဆိုင်ရာစင်တာကို တရားဝင်ဖွင့်လှစ်

(GMT+08:00)2024-06-20 12:03:45  

ဇွန်လ ၁၉ ရက်နေ့က ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့သည် ရှန်ဟိုင်းဒေသဆိုင်ရာစင်တာကို တရားဝင်ဖွင့်လှစ်လိုက်ပါသည်။
    ရှန်ဟိုင်းဒေသဆိုင်ရာစင်တာသည် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ တစ်ကမ္ဘာလုံးတွင် ထားရှိသော ဒေသဆိုင်ရာစင်တာများမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေး အုပ်စုများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ထွန်းသစ်စဈေးကွက်များနှင့် အလယ်အလတ်ဝင်ငွေ နိုင်ငံများမှ အာရုံစိုက်ကြသော နယ်ပယ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသုတေသနပြုရန်၊ ဒေသတွင်း စီးပွားရေး အုပ်စုများအား စွမ်းရည်တည်ဆောက်မှု အတွက် ထောက်ခံမှုပေးရန်၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း ငွေရေးကြေးရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် ရှန်ဟိုင်းဒေသဆိုင်ရာစင်တာကို ထားရှိခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်မှ ထုတ်ပြန် သော သတင်းအရ သိရပါသည်။