ဘေကျင်းမြို့ရှိ ယောင်ဒင်းမြစ်ကမ်းတွင် ငှက်များကို ကာကွယ်ရန်အတွက် ဆောက်လုပ်မှုများ ဆိုင်းငံ့

(GMT+08:00)2024-06-20 14:04:21  

ဘေကျင်းမြို့တောင်ပိုင်းရှိ ယောင်ဒင်းမြစ်ကမ်းပါးတွင် ငှက်အသိုက် ၂၀၀ နီးပါးရှိပြီး ၎င်းသည် ဘေကျင်းတွင် ငှက်အသိုက် အများဆုံးရှိသောနေရာဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် ငှက်အသိုက်တွင် ဥ ၃ လုံးရှိပြီး ဥမှ ငှက်ကလေးပေါက်ပြီး အသိုက်မှ ထွက်ခွာရန်အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းရပါသည်။ ယခုအချိန်တွင် ငှက်ကလေးတွေ အသိုက်မှ မထွက်ခွာသေးချိန် ပျံသန်းခြင်းမပြုမီ အရေးကြီးသော ကြီးထွားမှုကာလဖြစ်သောကြောင့် ၎င်းတို့အားအနှောက်အယှက်မဖြစ်စေရန်အတွက် ယောင်ဒင်းမြစ် တစ်လျှောက် ဆောက်လုပ်ရေး အစီအစဉ်များကို ဆိုင်းငံ့ထားရန် ဒေသန္တရ အစိုးရက ဆုံးဖြတ်ခဲ့ပါသည်။