လီချန်သည် မလေးရှား၌ တရားဝင်ခရီးလှည့်လည်

(GMT+08:00)2024-06-19 13:57:40  

မလေးရှားဝန်ကြီးချုပ် အန်ဝါ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ဒေသစံတော်ချိန် ဇွန်လ ၁၈ရက်နေ့ညတွင် စင်းလုံးငှါးလေယာဉ်ဖြင့် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မလေးရှား၌ တရားဝင်ခရီးစဉ်စတင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

မလေးရှား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Loke Siew Fookနှင့် မလေးရှားဆိုင်ရာ တရုတ်သံအမတ်ကြီးအိုးရန်ယွီကျင်တို့  လေဆိပ်တွင်လာရောက်ကြိုဆိုသည်။

လီချန်က တရုတ်နှင့်မလေးရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိသည့် နှစ်၅၀အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ကာ မဟာဗျူဟာမြောက်အပြန်အလှန်ယုံကြည်မှု ဆက်တိုက်ခိုင်မာလာပြီး လူမှု ယဉ်ကျေးမှု ဆက်ဆံရေးတစ်နေ့ထက်တစ်နေ့ များပြားလာကြောင်း၊ “Belt and Road”အရည်အသွေးမြင့် အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ခြင်း အောင်မြင်မှုများစွာရရှိကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးများဆောင်ကြဉ်းပေးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြောင်း ပြောကြားခဲ့သည်။