ရိုးရာ "ကြမ်းကြမ်းထည်" သည် ရိုးရာလက်ရာများ၊ ဖက်ရှင်များနှင့် ပေါင်းစပ်ပြီး တက်ကြွမှုအသစ်များကို ရရှိစေ

(GMT+08:00)2024-06-19 11:02:28  

   လွန်ခဲ့သည့် နှစ်များတွင် စန်းတုန်းပြည်နယ် ဘင်းကျိုးမြို့ ဘိုရှင်းခရိုင်တွင် ရိုးရာယဉ်ကျေးမှု အရင်းအမြစ်များကို ဖော်ထုတ်ပြီး "ရှေးကြမ်းကြမ်းအထည်" ကဲ့သို့သော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် များကို ကာကွယ်ထိန်းသိမ်းရေး၊ ဆက်ခံရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်ကာ ရိုးရာလုပ်ငန်းများကို တက်ကြွလန်းဆန်းစေပါသည်။ ဘိုရှင်းခရိုင် နှစ်စဉ် ထုတ်လုပ်သည့် "ရှေးကြမ်းကြမ်းအထည်" မှာ အခင်းများ ၊ ဂွမ်းအဖုံး ၊ ခေါင်းအုံး ၊ ဖျာ စသည်တို့ကို ၃၆၀ စီးရီးဖြင့် အမျိုးအစားပေါင်း ၂၁၀၀ ကျော် အပါအဝင် မီတာပေါင်း သန်း ၃၀ ကျော်လွန်၍ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသ ၂၀ ကျော်သို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။