ရှီကျင့်ဖိန်သည် ချင်းဟိုင်ပြည်နယ်၌ လေ့လာကြည့်ရှု

(GMT+08:00)2024-06-19 12:48:04  

   ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချင်းဟိုင် ပြည်နယ်သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ရှီးနင်မြို့ရှိ ကိုလို့ရှီးနင် တိုင်းရင်းသား အလယ်တန်းကျောင်းနှင့် ဟုန်ကျွေ ဘုရားကျောင်းတို့သို့ ရောက်ရှိပြီး အနောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ ပညာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ခြင်း၊ တရုတ်အမျိုးသား အသိုက်အဝန်း အသိစိတ်ဓာတ် ပညာပေးရေး တိုးမြှင့်ခြင်းနှင့် ရှီးဇန်(တိဘက်) ဗုဒ္ဓဘာသာနယ်ပယ်တွင် တိုင်းချစ်ပြည်ချစ် ဘာသာရေးချစ် အစဉ်အလာကောင်း ထွန်းကားစေခြင်းနှင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တိုးတက်ရေးကို တွန်းအားပေးခြင်း စသဖြင့် လေ့လာကြည့်ရှုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။