နိုင်ငံအသီးသီးတို့အနေနှင့် တာဝန်ရှိစွာဖြင့် လက်နက် တင်ပို့ရောင်းချရေး ပေါ်လစီများကို ပြုလုပ်ရန် တရုတ် တောင်းဆို

(GMT+08:00)2024-06-19 11:14:19  

ဇွန်လ ၁၈ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ်  ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကင်စွမ် က နိုင်ငံအသီးသီးတို့အနေနှင့် တာဝန်ရှိစွာဖြင့် လက်နက် တင်ပို့ရောင်းချရေး ပေါ်လစီများကို ပြုလုပ်ရန်၊ လုံခြုံရေးကောင်စီမှ လက်နက် ပိတ်ဆို့မှုကို တိတိကျကျ အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံမဟုတ်သော လူနှင့် အဖွဲ့အစည်းများထံသို့ လက်နက် လွှဲပြောင်းပေးအပ်ခြင်း မပြုရန်၊ ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ လက်နက် တင်ပို့ရောင်းချခြင်းကို ချင့်ချင့်ချိန်ချိန် ပြုလုပ်ရန်၊ လက်နက်များ တရားမဝင် စီးဆင်းမှုကို အစွမ်းကုန် တားဆီးရန် တောင်းဆိုခဲ့သည်။