ဆော်ဒီအာရေဗျ ဟာ့ဂ်ျပွဲတော်အတွင်း ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့သည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-06-19 13:53:54  

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျပွဲတော်အတွင်း အပူလှိုင်းကြောင့် ဂျော်ဒန်နိုင်ငံသား ၄၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါလူများသည် ဂျော်ဒန်နိုင်ငံ၏ တရားဝင် ဟာ့ဂ်ျ အဖွဲ့ဝင်မဟုတ်ဘဲ ဆော်ဒီမှ ခွင့်ပြုထားသော အခြားတရားဝင် ဟာ့ဂ်ျ လမ်းကြောင်းများတွင်လည်း ပါဝင်ခြင်းမဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မှတ်ပုံတင်ထားသည့် ပျောက်ဆုံးသော ဟာ့ဂျ် ဘုရားဖူးသူ ၁၀၆ ဦးရှိပြီး ၈၄ ဦးကို လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ကွဲပြားပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် ဂျော်ဒန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပျောက်ဆုံးနေသည့် ဂျော်ဒန်နိုင်ငံသား ၂၂ ဦးကို ရှာဖွေနေကြောင်း ဖော်ပြခဲ့ပါသည်။