ကွမ်တုန်းပြည်နယ် မေကျိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁သိန်း ၆သောင်း ကျော်ဘေးသင့်၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ

(GMT+08:00)2024-06-19 12:48:39  

ယခုလ ၁၈ ရက်နေ့ နေလယ် ၁၁ နာရီအထိ ကွမ်တုန်းပြည်နယ် မေကျိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၆၄၆၃၄ ဦးဘေးသင့်ခဲ့ရပါသည်။ ၁၇ ရက်နေ့ ည ဆယ် နာရီအထိ မေကျိုးမြို့တွင် ပြည်သူလူထု ၅၆၈၆၇ ဦးတို့ကို ရွှေ့ပြောင်းပေးခဲ့သည်ဟု သတင်းအရသိရပါသည်။

ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် မေကျိုးမြို့တွင် လူ ၉၀၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၂၀၀ ကို စေလွှတ်ပြီး၊ ကင်းလှည့်စစ်ဆေးမှုများကို အားဖြည့်ပြုလုပ် ကာ ကယ်ဆယ်ရေးနှင့် ကုသမှုလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ခဲ့ပါသည်။ကွမ်တုန်း ပြည်နယ် ဘေးအန္တရာယ်ကာကွယ်ရေးဌာနချုပ်သည် ရဟတ်ယာဉ် ၅ စင်း၊ ကယ်ဆယ်ရေးအဖွဲ့ ၁၈ ဖွဲ့၊ လူ ၁၈၃၅ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းကိရိယာ ၉၈၆ ခုဖြင့် အမြန်ဆုံးစေလွှတ်ကူညီပေးခဲ့ပါသည်။