ရှင်းကျန်း အီလီဒေသခွဲတွင် လာဗင်ဒါပန်းများ ပွင့်လန်းနေပြီး ခရီးသည်များအား ဆွဲဆောင်လျက်ရှိ

(GMT+08:00)2024-06-19 12:49:29  

ဇွန်လသည် လာဗင်ဒါပန်းပွင့်ချိန်ဖြစ်ပြီး ပန်းများရှုစားရန် ဒေသအရပ်ရပ်မှ ခရီးသည်များသည် ရှင်းကျန်း ဟော့ချိန်ခရိုင် စိကုန်းရွာကို အဆုံးမရှိလာရောက်လည်ပတ် လျက်ရှိကာ နေစဉ်ခရီးသည် ၁၀၀၀ နီးပါး ကို ဧည့်ခံသည်ဟု သိရပါသည်။

ယခုနှစ်များတွင် စိကုန်းရွာသည် လာဗင်ဒါပန်းအရင်းအမြစ်နှင့် သာလွန်သော ပထဝီဝင် အနေအထားကို မှီခိုအားထားပြီး တည်းခိုနေထိုင်ခြင်း၊ ဧည့်ခံ ကျွေးမွေးခြင်းနှင့် ပန်းများရှုစားခြင်းစသည့် ကျေးလက်ခရီးသွားလုပ်ငန်း အစီအစဉ်များကို အားဖြည့်ဆောင်ရွက်ကာ ခရီးသည်များစွာတို့ကို ဆွဲဆောင်လာ၍ ကျေးလက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးတက်စေရန် တွန်းအားပေးခဲ့ ပါသည်။