China Media Group နှင့် China Mobile Communications Group တို့သည် ပါရီ အိုလံပစ်အားကစားပွဲတော် မူပိုင်ခွင့်စသည်တို့နှင့် ပတ်သက်ပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်

(GMT+08:00)2024-06-19 10:41:46  

 

   ဇွန်လ ၁၈ ရက်နေ့က China Media Group နှင့် China Mobile Communications Group အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ၂၀၂၄ခုနှစ် ပါရီ အိုလံပစ်အားကစားပွဲတော် မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ်အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ၄ ရပ်ကို လက်မှတ်ရေးထိုးပြီး တိုက်ရိုက်ထုတ်လွှင့်မှု မူပိုင်ခွင့်လိုင်စင်၊ အရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးတွဲလည်ပတ်မှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြပါသည်။
    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် China Mobile Communications Group ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Yang Jie တို့၏ ရှေ့မှောက်တွင် အဆိုပါသဘောတူစာချုပ်များကို လက်မှတ် ရေးထိုးခဲ့ပါသည်။ လက်မှတ်ရေးထိုးပွဲတွင် China Media Group အယ်ဒီတာအဖွဲ့ဝင်၊ အထွေထွေမန်နေဂျာရုံးဥက္ကဋ္ဌ Peng Jianming နှင့် China Mobile Communications Group ဒုတိယ အထွေထွေ မန်နေဂျာ Zhang Dong တို့ မိန့်ခွန်းပြောကြားခဲ့ကြပါသည်။