ဆော်ဒီအာရေဗျ ဟာ့ဂ်ျပွဲတော်အတွင်း တူနီးရှားနိုင်ငံသား ၃၅ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု တူနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-06-19 13:53:13  

တူနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၈ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျပွဲတော်အတွင်း တူနီးရှားနိုင်ငံသား ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

ဆော်ဒီစာရင်းအင်းဌာနမှ စာရင်းအရ ယခုနှစ် ဟာ့ဂျ် ဘုရားလာဖူးသည့် လူဦးရေက ၁၈ သိန်းကျော် ရှိပါသည်။ မက္ကာမြို့တွင် ယခုနှစ် ဟာ့ဂ်ျပွဲတော်ကာလတွင် အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း မကြာခင်က သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလာလီက ဟာ့ဂျ် ဘုရားလာဖူးသူများအား နံနက် ၁၁ နာရီမှ ညနေ ၄ နာရီကြားတွင် ထီးများကို အသုံးပြုရန်၊ နေရောင်တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် ရေများများသောက်ရန် ပန်ကြားထားပါသည်။