ဘူတာရုံအသစ် ၅ ခု ဆောက်လုပ်ပြီးမြောက်

(GMT+08:00)2024-06-19 11:01:26  

ဇွန်လ ၁၈ ရက်နေ့က အသစ်ဆောက်လုပ်ထားသည့် ဟန့်ကျုံး-ဘားကျုံး-နန်ချုံး မီးရထားလမ်း တစ်လျှောက် ဘူတာရုံ ၅ ခုကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ယင်းမြန်နှုန်းမြင့် မီးရထားလမ်းသည် လည်ပတ် စမ်းသပ်မှုများ လုပ်ဆောင်နေပြီး တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဘားကျုံး-နန်ချုံး မြန်နှုန်းမြင့် မီးရထားသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသနှင့် လုံတုန်း၊ ရှန်ရှီး၊ တရုတ်မြောက်နှင့် အလယ်ပိုင်းဒေသများအကြား ခရီးသည်ပို့ဆောင်ရေးလမ်းကြောင်းသစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းသည် ချင်တူး-ချုံချင့်ဒေသ၏ အဝေးပြေး ရထားလမ်း ကွန်ရက် ပြီးပြည့်စုံရန်၊ ရထားလမ်းတစ်လျှောက် ခရီးသွားလုပ်ငန်း အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရန်၊ လမ်းကြောင်းတစ်လျှောက်ဒေသများ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် မြှင့်တင်ရန် အရေးကြီးကြောင်း သတင်းရရှိပါသည်။