ပူတင် သည် အမိန့်ကို လက်မှတ်ရေးထိုးပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၄ဦးကို ရာထူး မှ ဖယ်ရှား

(GMT+08:00)2024-06-18 15:40:11  

 ဇွန်လ ၁၇ ရက်နေ့က ရုရှားနိုင်ငံသမ္မတ ပူတင် သည် အမိန့်ကို လက်မှတ်ရေးထိုးပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Pavel Popov အား ရာထူး မှ ဖယ်ရှားကာ အငြိမ်းစားစေခဲ့သည့်အပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး Nikolai Pankov ၊ Ruslan Tsalikov နှင့် Tatiana Shevtsova တို့ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့ပြီး Leonid Gornin အား ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) အဖြစ် တာဝန်ခန့်အပ်ကာ  Anna Tsivileva ၊ Pavel Fradkov နှင့် Oleg Savelyev တို့ကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဖြစ် တာဝန်ခန့်အပ်ခဲ့သည်။