ရှီကျင့်ဖိန်သည် Huangpu စစ်ရေးအကယ်ဒမီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် နှင့် Huangpu စစ်ရေးအကယ်ဒမီ ကျောင်းသားဟောင်းများ အသင်း တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အတွက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-06-18 15:42:03  

Huangpu စစ်ရေးအကယ်ဒမီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် နှင့် Huangpu စစ်ရေးအကယ်ဒမီ ကျောင်းသား ဟောင်းများအသင်း တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အခါသမယတွင် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား Huangpu စစ်ရေးအကယ်ဒမီ ကျောင်းသားဟောင်းများ အသင်းကို နွေးထွေးစွာ ဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး ပြည်တွင်းပြည်ပရှိ Huangpu ကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှုတ်ခွန်းဆက်သခဲ့ပါသည်။

ခရီးစဉ်သစ်တွင် Huangpu စစ်ရေးအကယ်ဒမီ ကျောင်းသားဟောင်းများအသင်းသည် အသင်း၏ ရည်မှန်းချက်နှင့် နိုင်ငံရေးတာဝန်ကို မှတ်သားထားပြီး “တိုင်းချစ်စိတ်နှင့် တော်လှန်ရေး” ဟူသော Huangpu စိတ်ဓာတ် ဆက်လက်ထွန်းကားစေရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ Huangpu ကျောင်းသား များ အားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များက ၎င်းတို့၏ ဘိုးဘေးများ၏  ဆန္ဒများကို မမေ့ဘဲ ခေတ်၏ တာဝန်ဝတ္တရားများကို သတ္တိရှိရှိ ထမ်းဆောင်ကာ တရုတ်ပုံစံ ခေတ်မီရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အင်အားတောင့်တင်းသောနိုင်ငံဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေး လုပ်ငန်းအတွက် အကျိုးဆောင်နိုင်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ရေးသား ဖော် ပြထား သည်။