၂၆ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ “ပြင်သစ်ရုပ်ရှင် ရက်သတ္တပတ်” ကျင်းပ

(GMT+08:00)2024-06-18 15:40:55  

၂၆ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပသည့်ကာလတွင် China Media Group နှင့် ရှန်ဟိုင်းမြို့ ပြည်သူ့အစိုးရတို့ အတူကျင်းပသော “ပြင်သစ်ရုပ်ရှင် ရက် သတ္တပတ်” ကို ဇွန်လ ၁၆ရက်နေ့က "၂၀၂၄ခုနှစ် တရုတ်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ည"ကျင်းပရာတွင် တရားဝင်စတင်ခဲ့ပြီး ရုံတင်ပြသမည့်စာရင်းကို ထုတ်ပြန်ခဲ့ ပါသည်။

၂၀၂၄ ခုနှစ်သည် တရုတ်-ပြင်သစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်-ပြင်သစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်လည်း ဖြစ်ပါသည်။ တရုတ်နှင့် ပြင်သစ်ကြား လက်တွဲဖြတ်သန်းခဲ့သော ကာလအတွင်း နှစ်နိုင်ငံကြား ယဉ်ကျေးမှု ဖလှယ်မှုအမျိုးအစား ပိုမို များပြားလာခဲ့ပါသည်။ အဆိုပါ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများသည် တရုတ်နှင့် ပြင်သစ် ပြည်သူများအကြား အပြန်အလှန်နားလည်မှု နက်ရှိုင်းစေရုံသာမက ကမ္ဘာတစ်ဝှမ်းရှိ လူများအား တရုတ်နှင့် ပြင်သစ်တို့ကြား ယဉ်ကျေးမှု ဖလှယ်ရေး ကောင်းမွန်ခြင်းကို ပိုမိုခံစားစေခဲ့ပါသည်။