အင်ဒိုနီးရှားမှ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် ၈ လကြာ လည်ပတ်ပြီ

(GMT+08:00)2024-06-18 15:39:48  

ဇွန်လ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဟာလီမ် ဘူတာရုံတွင် ခရီးသည်များသည် မြန်နှုန်းမြင့် ရထားပုံစံကို ကြည့်ရှုခဲ့ကြသည်။

ထိုနေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထား ၈ လကြာ လည်ပတ် ခဲ့ပြီ။ အင်ဒိုနီးရှားနိုင်ငံ တရုတ် မြန်နှုန်းမြင့် ရထားလမ်း ကုမ္ပဏီ လစ်မစ်တက် မှ ဒေတာအရ ဇွန်လ ၁၆ ရက်နေ့အထိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားသည် ခရီးသည် ၃.၅၄ သန်းခန့်ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းအရ သိရသည်။