မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရာတွင် အောင်မြင်မှုအသစ်များ ရရှိ၊ ကျူးလွန်သူ ၁၅၀ ဦး ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့

(GMT+08:00)2024-06-18 15:43:38  

မကြာသေးမီက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသက်ဆိုင်ရာတရားဥပဒေ စိုးမိုးရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး တာချီလိတ်မြို့ တွင် အွန်လိုင်းလိမ်လည်မှုနေရာ ၁၀ ခုကို အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သော တရုတ်နိုင်ငံသား  ၁၅၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိတွင် သံသယရှိသူများနှင့် အမှုတွင် ပါ၀င်သည့် ပစ္စည်းများ အားလုံးကို ယူနန်ပြည်နယ် ရှစ်ဆောင်ပနားရှိ Daluo နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းအရ သိရှိရသည်။