ဖိလစ်ပိုင်မှ ထောက်ပံ့ရေး သင်္ဘောတစ်စင်းနှင့် လေသွင်းသင်္ဘောနှစ်စင်း ယန်အိုင် ကျောက်ဆောင် အနီးမှ ပင်လယ်ပြင်သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ ကိုင်တွယ်မှု သည် တရားနည်းလမ်းကျပြီး တရားဥပဒေနှင့် ကိုက်ညီဟု တရုတ် ပင်လယ်ရဲတပ်ဖွဲ့ဆို

(GMT+08:00)2024-06-18 15:37:42  

ဇွန်လ ၁၇ ရက်နေ့က ဖိလစ်ပိုင်သည် ၎င်း၏ကတိပြုချက်များကို ချိုးဖောက်ပြီး ထောက်ပံ့ရေး သင်္ဘော တစ်စင်းနှင့် လေသွင်း သင်္ဘော နှစ်စင်း ယန်အိုင် ကျောက်ဆောင်အနီးမှ ပင်လယ်ပြင်သို့ တရားမဝင် ဝင်ရောက်ကာ တရားမဝင် "သောင်တင်"နေသော စစ်သင်္ဘောထံသို့ ပစ္စည်းများ ပို့ဆောင်ရန် ကြံဆကြောင်း၊ ယင်းအတောအတွင်း ဖိလစ်ပိုင်မှ ထောက်ပံ့ရေး သင်္ဘောသည် ပုံမှန်သွားလာနေသော တရုတ် သင်္ဘော အနီးသို့ အန္တရာယ်ရှိစွာ ချဉ်းကပ်လာပြီး တမင်တကာ တိုက်ခဲ့ကြောင်း တရုတ် ပင်လယ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Gan Yuက ပြောကြားခဲ့ သည်။

တရုတ် ပင်လယ်ရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ဖိလစ်ပိုင်မှ သင်္ဘောများကို သတိပေးခြင်း၊ သင်္ဘောပေါ် တက်ပြီး စစ်ဆေးခြင်းနှင့် နှင်ထုတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဆောင်ရွက်မှုများသည် တရားနည်းလမ်းကျပြီး တရားဥပဒေနှင့် ကိုက်ညီကာ ပရော်ဖက်ရှင်နယ် ကျ သည်။  မည်သည့်ပုံစံဖြစ်သည့် အခွင့်အရေးကို ကျူးလွန်ထိပါးမှုနှင့် ရန်စမှုသည် ခဲလေသမျှသဲရေကျ ဖြစ်မည် ဖြစ်ပြီး တရုတ် ပင်လယ်ရဲတပ်ဖွဲ့ သည် အချိန်မရွေး သတိရှိရှိ အဆင်သင့် ဖြစ်နေပြီး နိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာနှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ပေးမည် ဖြစ် ကြောင်း ဖိလစ်ပိုင်အား ထပ်မံ တည်ကြည်လေးနက်စွာ အကြောင်းကြားလိုပါသည်။