မက္ကဆီကို အရွေးခံမြို့တော်ဝန်တစ်ဦး ပစ်သတ် ခံရ

(GMT+08:00)2024-06-18 15:41:38  

ဒေသစံတော်ချိန် ဇွန်လ ၁၇ ရက်နေ့က မက္ကဆီကိုနိုင်ငံ Guerrero ပြည်နယ် ရှေ့နေရုံးမှ ကြေညာချက်တစ်ရပ်တွင် ဇွန်လ ၁၇ ရက်နေ့ မနက် ၃ နာရီအချိန်ခန့် က အသစ်ရွေးချယ်ခံရသော Copala မြို့တော်ဝန် Salvador Villalva Flores သည် မက္ကဆီကို မြို့မှ Copalaမြို့သို့ သွားသည့် အမြန်မောင်းကားလမ်းပေါ်၌ လက်နက်ကိုင် များမှ ကြားဖြတ် ပစ်သတ်မှုကို ခံခဲ့ရကြောင်း အတည်ပြုခဲ့ပါသည်။ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု များ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သတင်းအရ သိရပါသည်။