မေလ၏ တရုတ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို ထုတ်ပြန်

(GMT+08:00)2024-06-17 15:38:43  

ယခုလ ၁၇ရက်နေ့က ယခုနှစ် မေလ၏ တရုတ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို ထုတ်ပြန်ခဲ့ ပါသည်။ 

နောက်ဆုံးစာရင်းအရ စက်မှု ကုန်ထုတ်လုပ်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပစ္စည်း ကိရိယာ ထုတ်လုပ်မှုနှင့် အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှု၏ တိုးတက်မှု အရှိန် ကောင်းမွန် ကြောင်း၊ မေလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း၏ တိုးတက်မှု တန်ဖိုးသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၆ရာခိုင်နှုန်း တိုးလာပြီး ဧပြီလက ထက် ၀.၃ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ဝန်ဆောင်မှု လုပ်ငန်းသည် ဆက်တိုက် နာလန်ပြန်ထူလာပြီး ခေတ်မီ ဝန်ဆောင်မှု လုပ်ငန်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ မေလတွင် တစ်နိုင်ငံလုံး ဝန်ဆောင်မှု ထုတ်လုပ်ရေး အညွှန်းကိန်သည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၄.၈ရာခိုင်နှုန်း တိုးလာပြီး ဧပြီလကထက် ၁.၃ရာခိုင်နှုန်း ပိုမြန်ကြောင်း သိရပါသည်။

ဈေးကွက် ရောင်းချမှု တိုးတက်မှု အရှိန်သည် ပြန်လည် တိုးမြင့်လာကြောင်း၊ မေလတွင် လူမှု စားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၄ ထရီယံ နီးပါးရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၃.၇ရာခိုင်နှုန်း တိုးလာကာ ဧပြီလ ကထက် ၀.၅၁ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ပုံသေ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးချဲ့လာပြီး အဆင့်မြင့် နည်းပညာ စက်မှု လုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာ တိုးတက်လာကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တစ်နိုင်ငံလုံး ပုံသေ ရင်းနှီးမြှုပ်နှံမှု (လယ်ယာလုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု မပါဝင်)ပမာဏမှာ ယွမ်ငွေ ၁၈.၈ ထရီယံကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

ကုန်ပစ္စည်း သွင်းကုန်ပို့ကုန် လျင်မြန်စွာ တိုးလာပြီး ကုန်သွယ်ရေး ဖွဲ့စည်းပုံဟာ တရားနည်းလမ်းကျကြောင်း၊ မေလတွင် ကုန်ပစ္စည်း သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၃.၇ ထရီယံကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈.၆ရာခိုင်နှုန်း တိုးလာ ကြောင်း သိရသည်။