၇နှစ်ကြာ တည်ဆောက်ခဲ့ သော ရှင်းကျင့်-ကျွန်းရှမ်းလမ်းကြောင်းသည် လက်ခံ စစ်ဆေးခြင်း အောင်မြင်

(GMT+08:00)2024-06-17 15:49:10  

ဇွန်လ ၁၆ရက်နေ့က ရှင်းကျင့်မြို့ရှိ ရှင်းကျင့်-ကျွန်းရှမ်းလမ်းကြောင်းသည် လက်ခံ စစ်ဆေးခြင်း အောင်မြင်ခဲ့ကြောင်း၊ ၇နှစ်ကြာတည်ဆောက်ခဲ့ပြီး အရှည် အလျား၂၄ကီလိုမီတာရှိသော ကမ္ဘာ့အဆင့် ပင်လယ်ဖြတ်ကျော်  လုပ်ငန်းစုသည် တည်ဆောက်ခြင်းတာဝန်များ အောင်မြင်စွာ ပြီးမြောက်ကာ စီမံကိန်းအရည်အသွေးက စာမေးပွဲကြီးကို အောင်မြင် အနိုင်ရရှိခဲ့ကြောင်း၊ ရှင်းကျင့်-ကျွန်းရှမ်း လမ်းကြောင်းသည် ရှင်းကျင့်မြို့မှ ကျွန်းရှမ်းမြို့သို့ ကားမောင်းခြင့်ဖြင့် ၂နာရီမှ မိနစ် ၃၀အထိ တိုစေပြီး ရှင်းကျင့်မြို့နှင့် ကျွန်းရှမ်းမြို့ အကြား အကွာအဝေးကို အလွန် တိုစေနိုင်ကြောင်း သတင်းအရ သိရပါသည်။