တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ် ရှောင်ကျယ်သည် တောင်အာဖရိက သမ္မတ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်

(GMT+08:00)2024-06-17 16:39:22  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တောင်အာဖရိက သမ္မတ နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရှောင်ကျယ်သည် ဇွန်လ ၁၉ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပမည့် သမ္မတ ရာမာဖိုစာ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။