ဥရောပ ဖလား ကြည့်ရှုရာတွင် အသုံးပြုသည့် ပစ္စည်းများ အရောင်းသွက်နေပြီး တစ်ဝက်ခန့်သည် တရုတ်ထုတ် ကုန်စည်များဖြစ်

(GMT+08:00)2024-06-17 15:29:31  

ယခုအကြိမ် ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲကို ဂျာမဏီနိုင်ငံရှိ မြို့ ၁၀ မြို့တွင် ကျင်းပနေသည်။ ဘောလုံး ဝါသနာရှင် များသည် ပွဲစဉ်များကို စိတ်အားထက်သန်စွာ ကြည့်ရှုကြသည့်အတွက် ဘောလုံးဆိုင်ရာ ကုန်ပစ္စည်းများနှင့် ပွဲစဉ် ကြည့်ရှုအားပေးရာတွင် အသုံးပြုသည့် ပစ္စည်းများ အရောင်း သွက်နေ သည်။ Berlin နှင့် Stuttgart ကဲ့သို့သော ပွဲစဉ်များ ကျင်းပသည့် မြို့များတွင် ဥရောပဖလားနှင့် ဆက်စပ်သည့် ပိုစတာများနှင့် အလံများကို နေရာတိုင်းတွင် တွေ့ရှိရပြီး စတိုးဆိုင် ပြတင်းပေါက် များနှင့် စင်ပေါ်များတွင်လည်း ဘောလုံးဆိုင်ရာ ကုန်ပစ္စည်းများနှင့် ပွဲစဉ် ကြည့်ရှု အားပေးရာတွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရပါသည်။ ၎င်းတို့အနက် ထက်ဝက်ခန့်မှာ တရုတ်ထုတ် ကုန်စည် များ ဖြစ်သည်။