အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ တောမီး လောင်ကျွမ်းမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ တောမီးကို မထိန်းနိုင်သေး

(GMT+08:00)2024-06-17 15:32:41  

ဒေသစံတော်ချိန် ဇွန်လ ၁၆ ရက်နေ့ သတင်းအရ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးရှိ Tejon Pass တွင် ၁၅ ရက်နေ့ ညနေပိုင်းက တောမီး လောင်ကျွမ်းခဲ့ရာ စခန်းချနေထိုင်သူ လူပေါင်း ၁၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ပြီး လော့စ်အိန်ဂျလိစ် အဓိကလမ်းကြောင်းဖြစ်သည့် အမှတ် ၅ လမ်းမကြီး ကိုလည်း တောမီးကြောင့် ပိတ်ပစ်လိုက်ကြောင်း သိရသည်။ ကယ်လီဖိုးနီးယား မီးသတ်ဌာန၏ အဆိုအရ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ မြေဧရိယာ ၄၄ ဒသမ ၅ စတုရန်းကီလိုမီတာကျော် မီးလောင်ကျွမ်းပြီး လက်ရှိအချိန်ထိ တောမီးကို မထိန်း နိုင်သေးဘဲ  မီးသတ်သမား ၃၀၀ ကျော်က မြေပြင်နှင့် ဝေဟင် တို့မှ မီးငြှိမ်း သတ်လျက် ရှိသည်ဟု သတင်းအရ သိရပါသည်။