ရုရှား၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တောင်းဆိုချက်များကို လက်မခံနိုင်ကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဆို

(GMT+08:00)2024-06-17 15:35:47  

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Kuleba က ယူကရိန်းသည် နောက်ဆုံးတွင် ရုရှားနှင့် စေ့စပ်ဆွေးနွေးရန် လိုအပ်သော်လည်း ယူကရိန်း၏ ရပ်တည်ချက်မှာ အလွန်ရှင်းလင်းပြီး ရုရှားက ထုတ်ပြန်သည့် ရာဇသံနှင့် Donetsk၊ Luhansk ၊ Kherson နှင့် Zaporozhye ဒေသ ၄ ခုဆိုင်ရာ တောင်းဆိုချက်ကို လက်မခံနိုင်ကြောင်း ဇွန်လ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ဒေသစံတော်ချိန် ဇွန်လ ၁၄ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌ မိန့်ခွန်းပြောကြားရာ ရုရှားသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ယူကရိန်းနှင့် အချိန်မရွေး ဆွေးနွေးညှိနှိုင်းလိုကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းမှုများအတွက် လိုအပ်ချက်များမှာ Donetsk၊ Luhansk၊ Kherson နှင့် Zaporozhye ဒေသလေးခုမှ ယူကရိန်းတပ်များ အပြီးအပြတ် ဆုတ်ခွာရန်ဖြစ်ကြောင်း ၊ ယူကရိန်းတပ်များ ရုပ်သိမ်း ပြီးနောက် ရုရှားက ချက်ချင်း အပစ်အခတ်ရပ်စဲပြီး နှစ်ဖက် ညှိနှိုင်းမှုများ စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းသမ္မတ Zelensky က ပူတင်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သည် “ယုံကြည်ရမှုမရှိသော ရာဇသံ” ဖြစ်ပြီး ၎င်းတင်ပြသည့် သတင်းအချက်အလက်များသည် ယခင်ကနှင့် အတူတူဖြစ်ကြောင်း ပြောကြားခဲ့သည်။