ဇွန်လ ၁၇ ရက်နေ့က ဖိလစ်ပိုင်မှ ထောက်ပံ့ရေး သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံ နန်စားကျွန်းစုရှိ ယန်အိုင် ကျောက်ဆောင်အနီးမှ ပင်လယ်ပြင်သို့ တရားမဝင် ဝင်ရောက်လာပြီး တရုတ် ပင်လယ်ရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ယင်းသင်္ဘောကို ထိန်းချုပ်ခဲ့သည်။ နံနက်ပိုင်း ၅ နာရီ ၅၉ မိနစ်တွင် ဖိလစ်ပိုင်မှ ထောက်ပံ့ရေး သင်္ဘောသည် တရုတ်ဘက်မှ တည်ကြည်လေးနက်သော သတိပေး ချက်များကို လျစ်လျူရှုပြီး ပင်လယ်ပြင်တွင် တိုက်မိခြင်းများမဖြစ်အောင် ချမှတ်ထားသည့် နိုင်ငံတကာ စည်းမျဉ်းများကို ချိုးဖောက်ကာ ပုံမှန်သွားလာနေသော တရုတ် သင်္ဘောအနီးသို့ တမင် တကာ ချဉ်းကပ်လာခြင်းကြောင့် တိုက်မိခြင်းမှာ ဖိလစ်ပိုင်ဘက်က လုံး၀ တာဝန်ရှိ ကြောင်း တရုတ် ပင်လယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သင်္ဘောသည် ပုံမှန်သွားလာနေသော တရုတ် သင်္ဘောအနီးသို့ တမင်တကာ ချဉ်းကပ်လာပြီး တိုက်မိခြင်းမှာ ဖိလစ်ပိုင်ဘက်က လုံး၀ တာဝန်ရှိဟု တရုတ် ပင်လယ်ရဲတပ်ဖွဲ့ဆို
(GMT+08:00)2024-06-17 15:28:44