China Media Group သည် ဟာဘင်မြို့နှင့် "China-Chic City" ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆို

(GMT+08:00)2024-06-17 15:27:29  

China Media Group နှင့် ဟာဘင်မြို့ "China-Chic City" ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားနှင့် ဟာဘင်မြို့ မြို့ပြတံဆိပ်များ ထုတ်ပြန်ပွဲ အခမ်းအနားတို့ ကို ဇွန်လ ၁၆ ရက်နေ့က ဟာဘင်မြို့၌ ကျင်းပခဲ့ပါသည်။ ဟာဘင်မြို့သည် China Media Group နှင့် "China-Chic City" ပရောဂျက်ဆိုင်ရာ စာချုပ်ချုပ်ဆိုသော ပထမဦးဆုံးမြို့ ဖြစ် သည်။

  "China-Chic City" ပရောဂျက်သည် ကုန်ထုတ်လုပ်မှုများ ရှင်သန်ရေး၊ ယဉ်ကျေးမှု လှုပ်ရှားမှုများနှင့် မြို့ပြ တံဆိပ်များ မိတ်ဆက်ပေးရေးတို့ကို ပေါင်းစပ်ထားပြီး မြို့ပြ ဆွဲဆောင်မှု၊ ဂုဏ်ရည်နှင့် ယှဉ်ပြိုင်စွမ်းအားများကို ဘက်စုံ မြှင့်တင်ပေးနေပါသည်။