လူပေါင်းများစွာသည် "သူရဲကောင်းမြို့တော်" ၏ ညဘက် အပြေးပြိုင်ပွဲတွင် ပါဝင်

(GMT+08:00)2024-06-17 15:31:38  

ဇွန်လ ၁၅ ရက်နေ့ညက ကျန်းရှီးပြည်နယ် နန်ချမ်းမြို့တွင် လူတစ်သောင်းကျော်သည် ခမ်းနားသော ညဘက် အပြေးပြိုင်ပွဲ တွင် ပါဝင်ခဲ့ကြသည်။ ထိုအပြေးပြိုင်ပွဲ တွင် စက်ဘီးစီးခြင်းနှင့် အပြေးပြိုင်ပွဲ နှစ်မျိုးရှိသည်။ ပွဲစီစဉ်သူဘက်မှ စာရင်းအရ အဆိုပါပွဲတွင် စက်ဘီးစီးသူ ၇၄၀၀ ခန့်နှင့် အပြေးပြိုင်ပွဲတွင် ပါဝင်သူ ၇၀၀၀ ခန့် အပါအဝင် စုစုပေါင်း လူ ၁၄၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။ စက်ဘီးစီးသူများနှင့် အပြေးသမားများသည် နန်ချမ်းမြို့၏မြို့ပြတည်ဆောက်မှုအောင်မြင်မှုများနှင့် လမ်းတစ်လျှောက်တွင် လှပသောညမြင်ကွင်းများကို ရှုစားနိုင်ကြပါသည်။