သားအဖမေတ္တာ ပြည်သူ့ဝန်ထမ်းစိတ်

(GMT+08:00)2024-06-16 12:27:14  

တရုတ်ကွန်မြူနစ်ပါတီ စွေတယ်ခရိုင် ကော်မတီရုံးဌာနဟောင်းရဲ့ပြခန်းထဲမှာ အလွန် သိသာထင်ရှားတဲ့စာတန်းတစ်ခုရှိပါတယ်။ “ပြည်သူလူထုဘက်ကို မျက်နှာမူပြီး တည့်တည့်မတ်မတ်ထိုင်”။ ဒါက ရှီကျုံ့ရွှင်းပြောခဲ့တဲ့စကားဖြစ်ပါတယ်။ 

နှုတ်ရောကိုယ်ပါ သွန်သင်ဆုံးမ၍ မူလရည်ရွယ်ချက် မပြောင်းလဲဘဲနေပါ။ ပြည်သူလူထုဘဝထဲမှ လာတဲ့ ရှီကျုံ့ရွှင်းရဲ့ဘဝတစ်လျှောက်လုံးဟာ ပြည်သူလူထုအတွက် အမြဲတမ်းစိတ်နှလုံးသွင်းထားခဲ့ပြီး လူထုလမ်းစဉ်ကို တစ်သက်လုံး လက်တွေ့ကျင့်သုံးလုပ်ကိုင်သွားခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အပြောအဆို အပြုအမူတိုင်းဟာ ရှီကျင့်ဖိန်အပေါ် များစွာလွှမ်းမိုးခဲ့ပါတယ်။ ကျေးရွာငယ်မှ ပါတီ ဗဟိုကော်မတီအထိ၊ ကျေးလက်ကုန်ထုတ်လုပ်မှုအဖွဲ့ပါတီအတွင်းရေးမှူးဘဝမှ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်လာတဲ့အထိ ရှီကျင့်ဖိန်ဟာ အမြဲတမ်း နိုင်ငံ့အကျိုးကို ရှေ့ရှုကာ ပြည်သူလူထုအကျိုး သယ်ပိုးခဲ့ပါတယ်။ ပြည်သူများ သာယာလှပသောဘဝကို မျှော်မှန်းနိုင်ရေးအား ကြိုးစားသွားရန် ပန်းတိုင်ထားခဲ့ပါတယ်။

ပြည်သူဘဝမှ လာသူ၊ ပြည်သူအတွက် ကြိုးပမ်းခြင်း၊ ပြည်သူ့အကျိုး သယ်ပိုးခြင်းဟာ ကွန်မြူနစ်ပါတီဝင် မျိုးဆက် ၂ ဆက်ရဲ့ စိတ်ဓာတ်ကောင်းများ လက်ဆင့်ကမ်းမှု၊ အမွေဆက်ခံမှုနဲ့ မြှင့်တင်ဖော်ဆောင်မှုပဲဖြစ်ပါတယ်။ နက်ရှိုင်းသော သားအဖမေတ္တာနှင့် ပြည်သူ့ဝန်ထမ်းစိတ်နှလုံး အမြဲသွင်းထား ပါတယ်။