Qiu Shi မဂ္ဂဇင်းတွင် "တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း" ခေါင်းစဉ် ဖြင့် ရှီကျင့်ဖိန်၏ ဆောင်းပါးကို ဖော်ပြ

(GMT+08:00)2024-06-16 15:50:15  

 ဇွန်လ ၁၆ ရက်နေ့ထုတ် Qiu Shi မဂ္ဂဇင်းတွင် "တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း" ခေါင်းစဉ်ဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါးကို ဖော်ပြခဲ့ပါသည်။

   ယင်းဆောင်းပါးတွင် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ၁၄ ခုမြောက် ငါးနှစ်စီမံကိန်း ကာလအတွင်းနှင့် ယင်းထက် ပိုမို ရှည်လျားသည့် ကာလအတွင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအချက် ဖြစ်ပြီး ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရေးဆိုင်ရာ အဓိကအကျဆုံးသော လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေး ခရီးစဉ်သစ်တွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အရည်အချင်းမြင့် သိပ္ပံနည်းပညာ ကိုယ့်ခွန်ကိုယ့်အားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်ခြင်းသည် အရည်သွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မရှိမဖြစ် လိုအပ်သော လမ်းကြောင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ်ကို ပိုမို လျင်မြန်စွာ ဖြစ်တည်စေခြင်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မဟာဗျူဟာမြောက် အခြေခံအချက် ဖြစ်ကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ခြင်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အတွင်းပိုင်း လိုအပ်ချက်နှင့် အရေးကြီး အားထုတ်အားစိုက်ရာအချက် ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။