ပြည်သူ့ခေါင်းဆောင် - လက်ဆင့်ကမ်းအမွေဆက်ခံမှုကို ဖော်ပြနေတဲ့ ညောင်ပင်နှစ်ပင်

(GMT+08:00)2024-06-16 20:39:26  

ညောင်ပင်မှာ အံ့ဖွယ် ရှင်သန်မှုခွန်အားတွေ ရှိနေပါတယ်။ ဘယ်လောက်မြုံနေတဲ့မြေပေါ်မှာ ပဲဖြစ်ဖြစ်၊ ကျောက်ဆောင် ချောက်ကမ်းတွေကိုပဲဖြစ်ဖြစ် ထိုးဖောက်ကာ ဂုဏ်ယူဝံ့ကြွားစွာ ရှင်သန်နိုင်ပါတယ်။

၂၀၀၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့က အသက် ၈၇ နှစ်အရွယ် ရှီကျုံ့ရွှင်း ဟာ မိသားစုနဲ့အတူ စန်းကျန့်မြို့က “လန်ယွမ်” နေအိမ်မှာ ညောင်ပင်တစ်ပင် စိုက်ပျိုးခဲ့ပါတယ်။ ရွှီကျုံ့ရွှင်းက နံဘေးကဝန်ထမ်းကို “ငါလည်း စန်းကျန့်မှာ အမြစ်တွယ်ရမယ်” လို့ ပြောခဲ့ပါတယ်။

ကွမ်တုန်း ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးရဲ့ အဓိကဦးဆောင်ဦးရွက်ပြုသူနဲ့ အရေးပါတဲ့ အခြေခံအုတ်မြစ်ချသူတစ်ဦးဖြစ်တဲ့ ရှီကျုံ့ရွှင်းက ဒီညောင်ပင်ကို စိုက်ပျိုးခဲ့ပြီး ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးဆိုတဲ့ တက်ကြွတဲ့ဒီမြေပေါ်မှာ အမြစ်တွယ်လိုတဲ့ဆန္ဒကို ဖော်ပြခဲ့ပါတယ်။

သူက ကွမ်တုန်းပြည်သူတွေကိုဦးဆောင်ပြီး ကျေးလက်စီးပွားရေးဖွဲ့စည်းမှုပုံစံ ထိန်းညှိရန်နည်းလမ်းကို ရှာဖွေခဲ့ကာ စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက်ရှိစေတဲ့အခြေအနေမှာ စီးပွားဖြစ်သီးနှံ၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ငါးလုပ်ငန်းကို အင်တိုက်အားတိုက် ဖော်ဆောင်ရန်၊ စိုက်ပျိုးရေးထုတ်ကုန်များ ကုန်ချောထုတ်လုပ်မှု စတဲ့ စုပေါင်းအဖွဲ့လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဖော်ဆောင်ရန် အဆိုပြုခဲ့ပါတယ်။ သူက ကွမ်တုန်းနဲ့ ဟောင်ကောင်၊ မကာအို ကပ်လျက်ရှိနေတဲ့ တည်နေရာအားသာချက်ကို ပေါင်းစပ်ပြီး နယ်စပ်အသေးစားကုန်သွယ်ရေးကို ဆောင်ရွက်ရန် တွန်းအားပေးခဲ့ပါတယ်။ ဟောင်ကောင်ကုန်သည်များကို လာရောက်ရင်းနှီးမြှုပ်နှံပြီး ကုန်ကြမ်းယူ ကုန်ချောပေးစက်ရုံတွေ ဖွင့်လှစ်စေပါတယ်။ ဒီလိုဆန်းသစ်တီထွင်မှုရှိတဲ့လုပ်ဆောင်ချက် များစွာကြောင့် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးလုပ်ငန်းမှာ ကွမ်တုန်းပြည်နယ်ရဲ့ ဦးဆောင်မှုခြေလှမ်းအတွက် အခြေခံအုတ်မြစ်ချနိုင်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးရဲ့ အစပျိုးချိန်မှာ ဖခင်ဖြစ်သူက ကွမ်တုန်းပြည်သူတွေကိုဦးဆောင်ပြီး အတွေးအခေါ်တွေကွန့်မြူးစွာနဲ့ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်လုပ်ဆောင်တဲ့ မွန်မြတ်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေက ရှီကျင့်ဖိန်ကို နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့ပါတယ်။

သားအဖအကြားက အခက်အခဲကိုမကြောက်ရွံ့တဲ့၊ တာဝန်ကိုထမ်းရွက်ဝံ့တဲ့ စိတ်ဓာတ်တွေ အမွေဆက်ခံမှုနဲ့ ကွန်မြူနစ်ပါတီဝင် မျိုးဆက်နှစ်ဆက်အကြားက ပြုပြင်ပြောင်းလဲမှုနဲ့ ဆန်းသစ်တီထွင်မှုတွေ လုပ်ဆောင်ဝံ့တဲ့ ပြုပြင်ပြောင်းလဲရေး လက်ဆင့်ကမ်းမှုတွေဟာ သိသာထင်ရှားလှပါတယ်။ ရှီကျင့်ဖိန်က သူ့ရဲ့ဖခင် ရှီကျုံ့ရွှင်းထံ မွေးနေ့ဆုတောင်းပေးတဲ့ ပေးစာထဲမှာ ရေးသားထားသလိုပဲ “လူတော်လူကောင်းဖြစ်အောင် အဖေ့ဆီကနေ သင်ယူတယ်” ၊ “အဖေ့ကိုအတုယူပြီး လုပ်ဆောင်တယ်”။

ယခုအခါ ရှီကျုံ့ရွှင်း နဲ့ ရှီကျင့်ဖိန် စန်းကျန့်မြို့မှာ ကိုယ်စီ စိုက်ပျိုးခဲ့ကြတဲ့ ညောင်ပင်ကြီးနှစ်ပင်ဟာ မားမားမတ်မတ် ရှင်သန်နေပါတယ်။ ကွမ်တုန်းဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးရဲ့ စမှတ်ဖြစ်ပြီး တရုတ်နိုင်ငံဟာ ကြီးမားတဲ့ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ် ခေတ်မီနိုင်ငံတော်ကြီးအဖြစ် ဘက်စုံတည်ဆောက်ရေးဆိုတဲ့ လမ်းပြမြေပုံသစ်ကို ရေးဆွဲလျက်ရှိပါတယ်။ အင်အားတောင့်တင်းတဲ့နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်နိုးထလာရေး ဆိုတဲ့ မွန်မြတ်တဲ့လုပ်ငန်းဆီသို့လည်း အားကြိုးမာန်တက်လျှောက်လှမ်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံ ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်နိုင်ရန်အတွက် ညောင်ပင်လိုမျိုး မြေဆီလွှာမှာ နက်ရှိုင်းစွာအမြစ်တွယ်နေပြီး အခက်အခဲများကို မကြောက်ရွံ့တဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေကို ပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။