ကျူးကျော်မျိုးစိတ်ဖြစ်သည့် လက်ဖဝါးအရွယ် ပင့်ကူများသည် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းဒေသ၌ ပျံ့နှံ့

(GMT+08:00)2024-06-16 15:51:08  

မကြာခင်ရက်များက လူ၏ လက်ဖဝါးအရွယ်စားရှိသော ရောင်စုံ ပင့်ကူများသည် အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသ၌ ပျံ့နှံ့နေပြီး မြောက်ပိုင်းဒေသသို့ “ရောက်ရှိ”သွားသည်။ ယင်းပင့်ကူမျိုးသည် ပြည်ပက ဝင်ရောက်လာဖွယ်ရာဖြစ်ကြောင်း၊ ကုန်စည်ရောင်းဝယ်မှုဖြင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာပြီးနောက် တောင်ကယ်ရိုလိုင်းနား၊ မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလန်း စသည့် ပြည်နယ်များ၌ ပျံ့နှံ့လာကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်တုန်းက အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တွင် Trichonephila clavata ပင့်ကူကို ပထမဆုံအကြိမ် တွေ့ရှိခဲ့သည်။ ယင်းပင့်ကူမျိုးသည် အအေးဒဏ် ခံနိုင်ရည်ရှိသောကြောင့် ၎င်းတို့သည် အမေရိကန်နိုင်ငံ မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့နိုင်သည် ဟု ခန့်မှန်းထားသည်။