အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ပြင်းထန်သော အပူလှိုင်းနှင့် ကြုံတွေ့နေရပြီး ဒေသအချို့တွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိ

(GMT+08:00)2024-06-16 15:53:46  

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ရက်အတော်ကြာ ကြုံတွေ့နေရပြီး ဒေသအချို့တွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ ရှိကာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း  အမြင့်ဆုံးဖြစ်ပါသည်။ မြို့တော်နယူးဒေလီ အပါအဝင် နေရာများစွာအတွက် မိုးလေဝသဌာနက အပူဒဏ်ကြိုတင်ကာကွယ်ရေးကို ဂရုပြုကြရန် သတိပေးထားပါသည်။

အိန္ဒိယအစိုးရမှထုတ်ပြန်သောအချက်အလက်များအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် အပူလှိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၃၈၁၂ ဦးရှိကြောင်း သိရသည်။