အမေရိကန်နိုင်ငံ မီရှီဂန်ရှိ ရေပေါ်ဥယျာဉ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-06-16 15:52:58  

ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့ မြောက်ပိုင်း ဆင်ခြေဖုံးရှိ ရေပေါ်ဥယျာဉ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင်လူ ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

Oakland ခရိုင်ရဲချုပ် Michael Bouchard က အဆိုပါ ပစ်ခတ်မှုသည် ညနေ ၅ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သေနတ်သမားသည် လူအုပ်ထဲသို့ ၂၈ ချက်ပစ်ခတ်ခဲ့ရာ လူ ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးပါဝင်ကြောင်း ထိုည ကျင်းပသောသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။