ပေကျင်း-ဟောင်ကောင်၊ ရှန်ဟိုင်း-ဟောင်ကောင် ညချိန်မှထွက်ခွာပြီး နံနက်ပိုင်းတွင် ရောက်ရှိနိုင်သော ကျည်ဆန်ရထား စတင်ပြေးဆွဲ

(GMT+08:00)2024-06-16 15:50:41  

ဇွန်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် D909 မြန်နှုန်းမြင့်ရထားသည် ပေကျင်း အနောက် မီးရထားဘူတာရုံမှ ထွက်ခွာခဲ့ပြီး D907 မြန်နှုန်းမြင့် ရထားသည် ရှန်ဟိုင်းမြို့ ဟုန်ချော် ဘူတာရုံမှထွက်ခွာကာ ဟောင်ကောင် Kowloon အနောက် ဘူတာသို့ အသီးသီး ပြေးဆွဲသွားသည်။ ယင်းသည် ပေကျင်း-ဟောင်ကောင်နှင့် ရှန်ဟိုင်း-ဟောင်ကောင်အကြား ပထမဆုံးသော အိပ်စင်ပါ ကျည်ဆန်ရထားများပင်ဖြစ်သည်။

ထိုအချိန်မှစ၍ ပေကျင်း၊ ရှန်ဟိုင်းမှ ဟောင်ကောင်သို့ စုစုပေါင်း ကြာချိန်ကို ၂၄ နာရီ ၃၁ မိနစ်နှင့် ၁၉ နာရီ ၃၄ မိနစ်မှ ၁၂ နာရီ ၃၄ မိနစ်နှင့် ၁၁ နာရီ ၁၄ မိနစ်သို့ အသီးသီး လျှော့ချခဲ့သည်။ ဘေကျင်း-ဟောင်ကောင်နှင့် ရှန်ဟိုင်း-ဟောင်ကောင်တို့အကြားတွင် ညချိန်မှထွက်ခွာပြီး နံနက်ပိုင်းတွင် ရောက်ရှိနိုင်မည်ဖြစ်ပြီး ဟောင်ကောင်နှင့် ပြည်မကြီးအကြား  သွားလာမှုနှင့် ကူးလူးဖလှယ်မှု ပိုမိုအဆင်ပြေလာစေပါသည်။