Current Affairs Micro Video - စိတ်နှလုံးဖြူစင်ရိုးသားသူ

(GMT+08:00)2024-06-15 19:58:25  

ပြည်သူထဲကနေ ဆင်းသက်လာတဲ့ ရှီကျင့်ဖိန်ဟာ ပြည်သူလူထုကို သူ့ရဲ့စိတ်နှလုံးထဲမှာ အမြဲတမ်း အမြင့်ဆုံးနေရာမှာထားရှိပါတယ်။

လွန်ခဲ့တဲ့ ၅၅ နှစ်က အသက် ၁၆ နှစ်မပြည့်သေးတဲ့ ရှီကျင့်ဖိန်ဟာ လျန်ကျားဟိုကို လာရောက်ခဲ့ပြီး ဒေသခံတွေနဲ့အတူ မြေသားနဲ့ဆောက်လုပ်ထားတဲ့အိမ်မှာနေထိုင်ကာ မြေသားကုတင်ပေါ်မှာ အိပ်ခဲ့ပါတယ်။ လျန်ကျားဟိုရဲ့ ပါတီရုံးခွဲ အတွင်းရေးမှူးဖြစ်လာပြီးနောက် သူက ဒေသခံတွေကိုဦးဆောင်ပြီး ရေတွင်းတူးခြင်း၊ လှေကားထစ်စိုက်ခင်း ဖော်ဆောင်ခြင်း၊ စိုစွတ်တဲ့စိမ့်မြေမှာထွက်ရှိတဲ့ Marsh gas ကန် တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကာ လူထုနဲ့အတူ နက်ရှိုင်းတဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါတယ်။

“သာယာလှပတဲ့လူနေမှုဘဝကို လိုလားတောင့်တတဲ့ ပြည်သူတို့ရဲ့ဆန္ဒဟာ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုရဲ့ ရည်မှန်းချက်ဖြစ်တယ်။” ၂၀၁၂ ခုနှစ် နိုဝင်ဘာလက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် မကြာသေးမီကမှ ရွေးချယ်ခံထားရတဲ့ ရှီကျင့်ဖိန်က ဒီလို ကတိစကားဆိုခဲ့ပါတယ်။ စကားလုံးတိုင်းဟာ အရေးပါလှပြီး အဓိပ္ပါယ်လေးနက်လှပါတယ်။

“ငါဆိုတာမရှိ၊ ပြည်သူလူထုကို မပစ်ပယ်ပါ။” ဒါဟာ နိုင်ငံနဲ့ပြည်သူအပေါ်ထားရှိတဲ့ ရှီကျင့်ဖိန်ရဲ့ ဖြူစင်ရိုးသားတဲ့စိတ်ဖြစ်ပြီး ပြည်သူ ၁.၄ ဘီလီယံကျော်အပေါ်ထားရှိတဲ့ ပြည်သူ့ခေါင်းဆောင်ရဲ့ ဖြူစင်ရိုးသားတဲ့ပေးဆပ်မှုပါ။ ကျေးလက်ဒေသရဲ့ ပါတီရုံးခွဲ အတွင်းရေးမှူးကနေ ပါတီနဲ့ နိုင်ငံရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်ဖြစ်လာတဲ့အထိ၊ ဒေသခံတွေ ဝမ်းဝစေရေး အိပ်မက်မှသည် တရုတ်လူမျိုးတို့ရဲ့ မွန်မြတ်တဲ့ ရှင်သန်ရေး တရုတ်အိပ်မက်အထိ၊ ပြည်သူလူထုအတွက် လက်တွေ့ကျကျ လုပ်ဆောင်ပေးခြင်းဟာ သူ့ရဲ့ အခိုင်မာဆုံး ယုံကြည်ချက်ပါပဲ။