RCEP ဒေသအတွင်းကုန်သွယ်မှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၅.၆ ထရီလီယံအထိ ရှိခဲ့သည်ဟု တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-15 11:33:47  

ဇွန်လ ၁၃ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က ဒေသတွင်း ဘက်စုံမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက် (RCEP) ကို ဘက်စုံအာဏာ တည်သည့် တစ်နှစ်အတွင်း ဒေသတွင်း အတိုင်းအတာ ပိုမိုကြီးမားသော၊ အရည်အချင်း ပိုမိုမြင့်မားသော၊ အဆင့်အတန်း ပိုမိုနက်ရှိုင်းသော တံခါးဖွင့် ပူးပေါင်း ဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းအတွက် ယုံကြည်မှု မြှင့်တင် ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် RCEP ဒေသအတွင်းကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅.၆ ထရီလီယံသို့ရောက်ရှိခဲ့ပြီး သဘောတူညီချက် တရားဝင် အသက်မဝင်မီ ၂၀၂၁ ခုနှစ်ထက် အနည်းငယ် တိုးလာကြောင်း၊ ဒေသအတွင်း ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးကပ်လာကြောင်း၊ ၂၀၂၃ခုနှစ်တွင် RCEP ဧရိယာသည် greenfield ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၄.၁ ဘီလီယံကို ဆွဲဆောင်ခဲ့ပြီး ၂၉.၈% တိုးလာကာ ၂၀၂၁ ခုနှစ်၏၂.၂ ဆ ဖြစ်ကြောင်း သိရပါသည်။