အင်ဒိုနီးရှားရှိ Citarum Batujajar မြစ်အတွင်း ပလတ်စတစ်အမှိုက်များ တန်ချိန် ၁၀၀ ထက် ပိုများနိုင်

(GMT+08:00)2024-06-15 13:25:45  

ဇွန်လ ၁၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် နေထိုင်သူများသည် သစ်သားလှေများကို အသုံးပြုပြီး စီတာလောင်မြစ်အတွင်း ပလတ်စတစ်အမှိုက်များကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါသည်။ အနောက်ဂျာဗားပြည်နယ်ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ဝန်ဆောင်မှုစင်တာမှ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့ကတည်းက အရှည် ၃ ကီလိုမီတာနှင့် အကျယ် မီတာ ၆၀ ရှိသော Citarum Batujajar မြစ်တွင် ပလတ်စတစ် အမှိုက်ပမာဏသည် တန်ချိန် ၁၀၀ ကျော်လွန်သွားနိုင်ဖွယ်ရာရှိကြောင်း သိရပါ သည်။