တင်းရွှေရှန်သည် ဥရောပသမဂ္ဂ ရုံးချုပ်သို့ သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် တရုတ်-ဥရောပ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကာ Luxembourg နိုင်ငံကို အလည် အပတ်သွား ရောက်မည်

(GMT+08:00)2024-06-15 13:11:49  

တရုတ်နှင့် ဥရောပ နှစ်ဖက် ဆွေးနွေးတိုင်ပင်ပြီး Luxembourg နိုင်ငံ ဒုတိယဝန်ကြီးချုပ် Bettel ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်းရွှေရှန်သည် ပဉ္စမအကြိမ်မြောက် တရုတ်-ဥရောပ ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို ကျင်းပရန် ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ရုံးချုပ်သို့ သွားရောက်မည်ဖြစ်ပြီး Luxembourg နိုင်ငံကို အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။