ကွေ့ယန်-ကျင်ဆာ အဝေးပြေးလမ်းမှ တုပ်ကွမ် အချက်အချာကျသောနေရာတွင် တံတားတိုင် ၁၀၀ ကျော်ရှိ

(GMT+08:00)2024-06-15 11:30:20  

ကွေ့ယန်-ကျင်ဆာ-ကူလင့် အဝေးပြေးလမ်း ထိန်းချုပ်ရေး စီမံကိန်းများထဲမှ တစ်ခုဖြစ်သော တုပ်ကွမ် အချက်အချာနေရာသည် အချင်းဝက် မီတာ ၃၀၀ ခန့်ရှိသော တောင်ချိုင့်ဝှမ်း တစ်ခုအတွင်း မော်တော်ကား အသွားအလာ များလှသော ကွေ့ယန် မြို့ပတ် အဝေးပြေးလမ်းနှင့် ချတ်ဆက်ထားပြီး ကျဉ်းမြောင်းသော နေရာတွင် တံတားတိုင် ၁၀၀ ကျော်ရှိ သည်။ ယင်းအချက်အချာနေရာတွင် အလွှာ ၅ ထပ်ရှိပြီး လမ်းဆုံ စုစုပေါင်း ၁၈ ခု ရှိသည်။ တုပ်ကွမ် အချက်အချာနေရာ သည် ကွေ့ယန်-ကျင်ဆာ  အဝေးပြေးလမ်းနှင့် မြို့ပတ် အဝေးပြေးလမ်း ချိတ် ဆက်ရာ နေရာဖြစ်ပြီး တုပ်ကွမ် အချက်အချာနေရာ တည်ဆောက်မှုသည် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး လျင်မြန်စွာ ကူးပြောင်းမှုကို အကောင်အထည် ဖော်ဆောင်ပေးသည်။