တရုတ်နှင့် မြန်မာတို့သည် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပရောဂျက် သဘောတူညီချက်ကို လက်မှတ်ရေးထိုး

(GMT+08:00)2024-06-15 13:10:35  

ယခုလ ၁၄ ရက်နေ့က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ နှစ်ပတ်လည် မြန်မာ ပရောဂျက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို  နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး MR. Chen Hai၊  မြန်မာနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ် လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်း ၁၂ ခုသည် မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်ရေး စသည့် ကဏ္ဍများစွာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ နေထိုင်မှုဘဝကောင်းမွန်စေရေးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။