ရှီကျင့်ဖိန်သည် တောင်အာဖရိက သမ္မတ အဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ခံရသော ရာမာဖိုစာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-06-15 11:29:17  

ဇွန်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိက သမ္မတ အဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ခံရသော ရာမာဖိုစာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့သည်။

  ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် တောင်အာဖရိက နှစ်နိုင်ငံတို့သည် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်မှုရလဒ် များပြားကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့ တောင်ဘက် ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာ ဖြစ်ကြောင်း၊ မိမိသည် တရုတ်နှင့် တောင်အာဖရိက ဆက်ဆံမှု တိုးတက်ရေးကို အလွန် အလေးထား ပါကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် တိုးတက်ဖို့ တွန်းအားပေးပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင် သာယာရေးအတွက် အကျိုးပြုသွားရန် သမ္မတ ရာမာဖိုစာနှင့် လက်တွဲ ကြိုးပမ်းလို ပါကြောင်း ဖော်ပြထားပါသည်။