ဖိလစ်ပိုင်၏ အန္တရာယ်ရှိသည့် အခြေအနေ ပြင်းထန်အောင် လုပ်ဆောင်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်မည်ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-06-15 11:28:13  

    

    ဇွန်လ ၁၄ ရက်နေ့  ညနေပိုင်းက တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စီနီယာ ဗိုလ်မှူးကြီး ကျမ်းရှောင်ကမ်းသည် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

   သတင်းထောက်တစ်ဦးက ဖိလစ်ပိုင်သည် ဖိလစ်ပိုင် စစ်သားများ တရုတ် ပင်လယ် စောင့်ကြပ်ရေး ရဲတပ်၏ သင်္ဘောကို သေနတ်ဖြင့် ချိန်ထားခြင်းကို ငြင်းဆိုပြီး ၎င်းတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လက်နက်တွေကို လက်ထဲတွင် ကိုင်ထားခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။ ထို့ပြင် ဖိလစ်ပိုင်က စာပင်နာ ကျောက်ဆောင်တွင် အတိုင်းအတာ မကြီးသော ပင်လယ်မြေဖို့မှု ပေါ်ထွက်ခဲ့ပြီး မကြာမီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က air-cushion သင်္ဘောတစ်စင်းနှင့် လေယာဉ် တစ်စင်းကို စေလွှတ်ကာ ယင်းပင်လယ်နေရာ၌ စစ်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု ဆိုခဲ့သည်။ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူက ဘယ်လို ဝေဖန်ချက်တွေ ရှိသနည်းဟု မေးမြန်းခဲ့ရာ

  ပြောရေးဆိုခွင့်ရှိသူက ရင်အိုင် ကျောက်ဆောင်နှင့် စာပင်နာ ကျောက်ဆောင် အပါအဝင် နန်စားကျွန်းစုသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်ပြီး တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပိုင်နက်ပင်လယ်တွင် အခွင့်အရေး ထိန်းသိမ်းခြင်းနှင့် ဥပဒေ စိုးမိုးရေး ပြုလုပ်ခြင်းသည် တရားမျှတပြီး တရားနည်းလမ်းကျကြောင်း၊ ဖိလစ်ပိုင်သာ ရင်အိုင် ကျောက်ဆောင် ရေးရာတွင် ကတိကဝတ်ကို ဖောက်ဖျက်ပြီး ရန်စမှု ပြုကာ သူခိုးက လူဟစ် လုပ်၍ စာပင်နာ ကျောက်ဆောင်ဆိုင်ရာ သတင်းအတုကိုဖြန့်ပြီး အခွင့်အရေးကို ကျူးလွန်ထိပါး၊ ရန်စမှုပြုသည့် ၎င်း၏ လုပ်ရပ်ကို ဖုန်းကွယ်ရန် ကြံဆကြောင်း၊ တရုတ်နိုင်ငံသည် မြင့်မားစွာ သတိထားပြီး လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်၍ ဖိလစ်ပိုင်၏ အန္တရာယ်ရှိသည့် အခြေအနေ ပြင်းထန်အောင် လုပ်ဆောင်ခြင်းကို ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။