တရုတ်အစိုးရမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း(CDC) လွှဲပြောင်းပေး အပ်ခြင်းအခမ်းအနား ကျင်းပ

(GMT+08:00)2024-06-14 15:00:12  

တရုတ်နိုင်ငံအစိုးရမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း(CDC) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၃ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai၊ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြပါသည်။

သံအမတ်ကြီး မစ္စတာ Chen Haiက မြန်မာဧည့်သည်တော်များနှင့်အတူ  စီမံကိန်း ပြီးမြောက်ခြင်းအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဆိုပါ စင်တာအတွက် ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။