အီးယူသည် တရုတ်လျှပ်စစ်ကားများကို အခွန် တိုးကောက်ခြင်းကို ဥရောပ၏ အဓိက ကားထုတ်လုပ်ရေးကုမ္ပဏီ ၃ ခုက ကန့်ကွက်

(GMT+08:00)2024-06-14 13:28:54  

တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကားများကို ယာယီ တန်ပြန်ခွန်များ စည်းကြပ်ရန် စီစဉ်ထားကြောင်း ဥရောပ သမဂ္ဂ ကော်မရှင်မှ ၁၂ ရက်နေ့က ကြေညာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပ ကားထုတ်လုပ်ရေးကုမ္ပဏီ ၃ ခုက ကန့်ကွက်ကြောင်း သိရပါသည်။

ဂျာမဏီVolkswagen ကုမ္ပဏီက ယခု ဥရောပ သမဂ္ဂ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် ဂျာမဏီ အပါအဝင် ဥရောပ ကားလုပ်ငန်းများအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုသက်ရောက်စေမည်ဟု ဖော်ပြခဲ့သည်။

ဂျာမန် BMW ကုမ္ပဏီ ဥက္ကဋ္ဌ Zipzer က တရုတ်လျှပ်စစ်ကားများအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်ရန် ဥရောပ သမဂ္ဂ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ Mercedes-Benz ကုမ္ပဏီက လွတ်လပ်စွာ ကုန်သွယ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှုသည် အားလုံးအတွက် သာယာဝပြောမှု၊ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊  ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာခြင်းကို လက်လွတ်စပယ်ပြု ပါက အားလုံးအတွက် ဆိုးကျိုးများ ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။