ဖိလစ်ပိုင်-အမေရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီး၍ မရကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-14 17:36:05  

  ယခုလ ၁၄ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းလျှော့ကန်းက ဖိလစ်ပိုင်-အမေရိကန် မရိန်းတပ်တို့ မကြာခင် ရက်များက လေကြောင်း ထောက်ပံ့ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာ၌ နိုင်ငံများ အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တတိယဘက်ကို မရည်ရွယ်သင့်ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီး၍ မရကြောင်း အမြဲတမ်း ခံယူထားသည်ဟု ပြောကြားသည့် အပြင် တရုတ် နိုင်ငံသည် မည်သူကိုမျှ   ခြိမ်းခြောက်မည် မဟုတ်ကြောင်း၊ သို့သော် မည်သူ့ခြိမ်းခြောက်မှုမှလည်း မကြောက်ရွံ့ကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် ကိုယ့်နိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာ၊ ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။