တရုတ်တောင်ပင်လယ်အတွင်း နှစ်ပေါင်း ၅၀၀ ပင်လယ်ထဲမှာနစ်မြုပ်နေသော သင်္ဘောအပျက်အစီးမှ ဆယ်ယူခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များသည် အလွန်အံ့သြဖွယ်ရာ ကောင်းလှ

(GMT+08:00)2024-06-14 13:31:47  

ဇွန်လ ၁၃ ရက်နေ့က ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့တွင် အမှတ် ၁ နှင့် အမှတ် ၂ သင်္ဘောပျက်  များ၏ နောက်ဆုံးရ ရလဒ်များကို အစီရင်ခံရန် တရုတ် နိုင်ငံတော် ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေး ဌာနသည် “တရုတ်ရှေးဟောင်းအမွေအနှစ် သုတေသနပြုရေး” လုပ်ငန်းအစီအစဉ်၏ အရေးကြီးတိုးတက်မှု ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ တရုတ်တောင်ပင်လယ်၏ တစ်နှစ်တာ ရေအောက် ရှေးဟောင်းသုတေသနလုပ်ငန်း ဆောင်ရွက်ပြီးနောက် နစ်မြုပ်နေသော သင်္ဘောနှစ်စင်း၏ သွားလာမှု အတိုင်းအတာကို လေ့လာသတ်မှတ်ခဲ့ပြီး အိုးခွက်များ၊ ကြွေထည်များ၊ သစ်လုံးများနှင့် အခြားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ၉၂၈ ခုကို ထုတ်ယူနိုင်ခဲ့ပါသည်။