အစ္စရေးမြောက်ပိုင်း၌ လက်ဘနွန်မှ ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းခံရ

(GMT+08:00)2024-06-14 15:02:07  

ဒေသစံတော်ချိန် ဇွန်လ ၁၃ရက်နေ့ညနေပိုင်းက အစ္စရေးနိုင်ငံတော်ကာကွယ်ရေး တပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ရာ ထိုနေ့စောစောပိုင်းက အစ္စရေးမြောက်ပိုင်းတွင် တစ်နာရီ အတွင်း၌ လက်ဘနွန်မှ ဒုံးကျည် ၄၀ကျော်ဖြင့် တိုက်ခိုက်ခြင်းခံရပြီး အချို့ဒုံးကျည်များကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်မှ တားဆီးခဲ့ကာ ဒုံးကျည်များသည် မြေပြင်ပေါ်သို့ ကျရောက်ခဲ့သောကြောင့် မီးလောင်ကျွမ်းမှုဖြစ်စေကာ လူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ဒေသစံတော်ချိန် ဇွန်လ ၁၃ရက်နေ့က လက်ဘနွန်Hezbollahက အစ္စရေးမှ စစ်တန်းလျားနှင့် စစ်စခန်း ၆ခုကို ဒုံးကျည်အမြောက်အများဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် အစ္စရေးမှ စစ်ရေး အခြေစိုက်စခန်း ၄ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။