ကူဝိတ် မီးလောင်မှုကြောင့် အိန္ဒိယ အလုပ်သမား ၄၀ ထက်မနည်း သေဆုံး

(GMT+08:00)2024-06-13 15:01:05  

ယခုလ ၁၂ရက်နေ့က ကူဝိတ်နိုင်ငံ တောင်ပိုင်း မန်ကြာဖူဒေသတွင် မီးလောင်မှုကြောင့် အိန္ဒိယ အလုပ်သမား ၄၀ ဦး ထက် မနည်း သေဆုံးပြီး လူ၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CMG သတင်းထောက် ကို ထုတ်ဖော်ခဲ့သည်။

ထိုနေ့က အိန္ဒိယဝန်ကြီးချုပ်မိုဒီ သည် လူမှုကွန်ရက်တွင် ကူဝိတ် မီးလောင်မှုအပေါ် ဝမ်းနည်း ကြေကွဲကြောင်းဖော်ပြခဲ့ပြီး ၊ ကူဝိတ်ဆိုင်ရာ အိန္ဒိယ သံရုံးသည် ကူဝိတ် နိုင်ငံ နှင့် ပူးပေါင်း ကာ မီးဘေးသင့် ပြည်သူများအား  လိုအပ်သည့် အကူအညီများ ပေးခဲ့ ကြောင်း သိရပါသည်။