အစ္စရေး မြောက်ပိုင်းကို ဒုံးကျည် ၁၆၀ ခန့် ကျရောက်ခဲ့

(GMT+08:00)2024-06-13 14:50:37  

အစ္စရေးစစ်တပ်က ဇွန်လ ၁၂ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် အစ္စရေး နိုင်ငံ မြောက်ပိုင်းဒေသသည်  ထိုနေ့တွင်ပင် လက်ဘနွန်မှ ဒုံးကျည် အလုံး ၁၆၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ရက်နေ့တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ဖြစ်ပွားပြီးနောက်ပိုင်း အစ္စရေး မြောက်ပိုင်းတွင် ခံခဲ့ရသော အကြီးမားဆုံးသော ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပါသည်။